မင်္ဂလာပါ။
အမ်အမ်ဗစ် ကုမ္ပဏီ၏ ဝန်ဆောင်မှုဖြင့် ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေသော ကျောင်းသား/သူများ၏ အတွေ့အကြုံများကို ပြန်လည်းမျှဝေလိုက်ပါတယ်။

မဇူလိုင်လင်း

မဇူလိုင်လင်း

ဂျပန်နိုင်ငံတွင် ကျင်းပသော နိုင်ငံခြားသား စကားပြောပြိုင်ပွဲတွင် ဆုရစဉ်

ဂျပန်နိုင်ငံတွင် ကျင်းပသော နိုင်ငံခြားသား စကားပြောပြိုင်ပွဲတွင် ဆုရစဉ်

သူငယ်ချင်းများနှင့်အမှတ်တရ

သူငယ်ချင်းများနှင့်အမှတ်တရ

အခုတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ Meisei Institute of Cybernetics (MIC)၏ ဂျပန်စာကျောင်းတွင်တက်နေသော မဇူလိုင်လင်းရဲ့ အတွေ့အကြုံဖြစ်ပါတယ်။ မဇူလိုင်လင်းက 2013တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL)မှ ဘွဲ့ရအောင်မြင်ခဲ့ပြီး ဂျပန်စာ N2 ကိုလည်း အောင်မြင်ပြီးသူဖြစ်ပါတယ်။ April 2014 မှစ၍ ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေသူဖြစ်ပြီး April 2016 မှစ၍ TOYO University မှာတက်ရောက်ဖို့ တက္ကသိုလ်ဝင်ခွင့် အောင်မြင်ထားသူလည်းဖြစ်ပါတယ်။
မဇူလိုင်လင်းရေးထားသော အတွေ့အကြုံဂျပန်လိုကို အမ်အမ်ဗစ် ကုမ္ပဏီမှ ဘာသာပြန်ထားသော မြန်မာလိုဖြင့် တွဲဖက်၍ဖေါ်ပြလိုက်ပါတယ်။
******************************************
初めての一人暮らしなので、最初は怖かったです。全部自分でやらなければならないし、なんでも自分で決めなければなりません。落ち込んだ時も何度もありました。その時、先生方々やアルバイトの先輩や年上の人に相談しました。そして、本も読んでいます。それで、自分にもできることがある、価値があるということが分かりました。今はできるだけ自分で乗り越えるように頑張っています。

頑張ったことといえば、スピーチコンテストに参加したことと留学試験(EJU)と大学の入試です。
数学や総合科目は学校で教えなかったので、自分で学校から本を借りて、自習しました。(今年から教えています)
大学入試の時も英語の筆記試験があるので、自分で勉強しました。

最初は国立大学の経営学科に目指したけど、留学試験の成績が足りなかったので、私立大学に受験しました。大学を探す時も先生と何回も相談しました。入試の過去問もやって、先生にチェックしてもらいました。面接の練習もやりました。

今は東洋大学経営学部マーケティング学科に受験して、合格しました。これから、大学で自分が興味ある売れる仕組みを勉強します。大学では専攻の他英語や経営、会計なども勉強できるので、色々勉強しながら、頑張って行きたいと思います。
将来は、母国でビジネスしたいです。でも、卒業できたら、経験を重ねるため、日本で就職したいです。

တစ်ယောက်တည်း နေရတာဖြစ်လို့ အစောပိုင်းတုန်းကတော့ ကြောက်ခဲ့တယ်။ အကုန်လုံးကိုယ်ဘာသာကိုဘဲ လုပ်ရတယ် ကိစ္စအားလုံးကို ကိုယ်တိုင်ဘဲဆုံးဖြတ်ရတယ်။ စိတ်အားငယ်တာလည်း အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးတယ်။ အဲလိုအချိန်မျိုးတွေမှာ ကျောင်းကဆရာတွေနဲ့ အလုပ်က senior တွေကို တိုင်ပင်အကြံညဏ်ံတောင်းခဲ့တယ်။ နောက်ပြီးတော့ စာအုပ်တွေလည်းဖတ်တယ်။ နောက်ပိုင်းမှာတော့ ငါလည်ဲးလုပ်နိုင်တယ် အခက်အခဲတွေဟာ တန်ဖိုးရှိတဲ့အရာတွေလို့ နားလည်လာခဲ့တယ်။ အခုတော့ တတ်နိုင်သလောက် တစ်ယောက်တည်း အခက်အခဲတွေကို ကျော်လွားမယ်လို့ ဆုံးဖြတ်ပြီး ကြိုးစားနေပါတယ်။
ဂျပန်ရောက်ပြီး ကြိုးစားခဲ့တာကတော့ စကားပြောပြိုင်ပွဲမှာပါဝင်ခဲ့တာတွေ EJUစာမေးပွဲဖြေခဲ့တာတွေပါဘဲ။ သင်္ချာနဲ့ အထွေထွေဘာသာရပ်တွေက ကျောင်းမှာသင်မပေးတော့ ကျောင်းကနေစာအုပ်ငှားပြီးတော့ ကိုယ်တိုင်လေ့လာခဲ့ရပါတယ် (ဒီနှစ်ကနေစပြီး ကျောင်းမှာသင်ပေးနေပါပြီ)။ တက္ကသိုလ်ဝင်ဖို့ စာမေးပွဲဖြေတော့လည်း အင်္ဂလိပ်စာကို ရေးဖြေဖြေရပါတယ်။ ဒါလည်းဘဲကိုယ်တိုင်လေ့လာခဲ့ပါတယ်။
အရင်တုန်းကတော့ အစိုးရတက္ကသိုလ်က စီးပွါးရေးစီမံခန့်ခွဲမှုဘာသာရပ်မှာ တက်ချင်ခဲ့တာပါ။ ဒါပေမဲ့ EJU စာမေးပွဲရဲ့အမှတ်က အနည်းငယ်လိုသွားတဲ့အတွက်ကြောင့် private တက္ကသိုလ်ကိုဘဲ လျှောက်ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ရွေးတော့လည်း ကျောင်းကဆရာတွေနဲ့ တိုင်ပင်ပြီး ရွေးခဲ့ပါတယ်။ မေးခွန်းဟောင်းများဖြင့်လေ့ကျင့်ခဲ့ပြီး ဆရာကလည်း စစ်ဆေးပေးခဲ့ပါတယ်။ Interview ဝင်ဖို့ကိုလည်း အကြိမ်ကြိမ်လေ့ကျင့်ခဲ့ပါတယ်။
အခု TOYO University က Department of Business Management က Marketing ဘာသာရပ်ကို တက်ရောက်ဖို့ ရေးဖြေကော အင်တာဗျူးပါဖြေပြီးလို့ အောင်မြင်ခဲ့ပါတယ်။ တက္ကသိုလ်မှာ ကိုယ်ဝါသနာပါတဲ့ ရောင်းအားမြှင့်တင်ခြင်းနဲ့ဆိုင်တဲ့ နည်းစနစ်တွေကို သင်ယူမှာဖြစ်ပါတယ်။ တက္ကသိုလ်မှာက အခြားဘာသာတွေဖြစ်တဲ့ အင်္ဂလိပ်စာ၊ Business Management, Accounting ဘာသာရပ်တွေကိုလည်း သင်ပေးမှာဖြစ်လို့ ကြိုးစားပြီးသင်ယူသွားချင်ပါတယ်။
အနာဂတ်မှာ ကိုယ့်နိုင်ငံကိုပြန်လာပြီး စီးပွါးရေးလုပ်ငန်းတစ်ခု တည်ထောင်လိုပါတယ်။ ဒါပေမဲ့ တက္ကသိုလ်ကဘွဲ့ရရင်တော့ ဂျပန်နိုင်ငံမှာ အတွေ့အကြုံရဖို့ အလုပ်လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။
**************************************
အမ်အမ်ဗစ် ကုမ္ပဏီ ဂျပန်နိုင်ငံပညာရေးဝန်ဆောင်မှု
အမှတ် ၂၀ (အေ-၃) လှည်းတန်း ၆လမ်း ကမာရွတ် ရန်ကုန်
0933377570, 09961104477
10:00-17:00 (close Mon, Tue & Public holiday)
mm-biz.com/myanmar/

Bookmark this on Yahoo Bookmark
LINEで送る