ဗီယက်နမ် နိုင်ငံခြားသားကျောင်းသားများနှင့် ကျောင်းတာဝန်ခံများ ဖမ်းဆီးခံရမူ Fukuoka တွင် မနေ့ ၂၀၁၆ ဇန်နဝါရီ ၂၃ရက်က ဖြစ်ပွားခဲ့ပါတယ်။
Mainichi သတင်းစာတိုက်မှ သတင်းကို ဘာသာပြန်၍ အောက်တွင် ဖေါ်ပြလိုက်ပါတယ်။

ကျောင်းသားများ သတိပြုနိုင်ရန်ရည်ရွယ်၍ ဖေါ်ပြရခြင်းဖြစ်ပါသည်။ မိမိတက်ရမည့်ကျောင်း ၄င်းကျောင်းဟာ စည်းကမ်းချက်နဲ့ ညီညွတ်ရဲ့လား ဒါတွေကို စဉ်းစားဖို့လိုပါတယ်။ အထူးသဖြင့် စည်းကမ်းချက်နဲ့ မညီညွတ်တဲ့ ကျောင်းတော်တော်များများဟာ ဖွံဖြိုးဆဲဖြစ်ပြီး ဝင်ငွေနည်းသောနိုင်ငံများ (မြန်မာ၊ နီပေါ၊ ဗီယက်နမ်) ကျောင်သားများကို အလုပ်အများကြီးလုပ်လို့ရတယ်ဆိုပြီး ဆွယ်လေ့ရှိပါတယ်။ ကျွန်မတို့လည်း အေးဂျင့်ဖြစ်တဲ့အတွက် ဂျပန်ကနေ ဒီလိုမျိုးစကားတွေနဲ့ ဆွယ်တဲ့ ကျောင်းပေါင်းမြောက်များစွာနဲ့တွေ့ဖူးပါတယ်။ ဒါပေမဲ့ စည်းကမ်းနဲ့ညီညွတ်တဲ့ ကျောင်းများကိုသာ ကျွန်မတို့ ရွေးချယ်ပြီး လက်တွဲလုပ်ကိုင်ပါတယ်။

ဒီပြသာနာနဲ့မဆိုင်ပေမဲ့ Shizuoka ဘက်မှာ အလုပ်မိတ်ဆက်ပေးပြီး ကျောင်းသားရဲ့ လုပ်အားခထဲမှ လစဉ် ၅ရာခိုင်နှုန်းဖြတ်ယူတယ်ဆိုတဲ့ ကျောင်းလဲရှိတယ်လို့ ကြားမိပါတယ် (၄င်းကျောင်းတွင်တက်နေသော မြန်မာကျောင်းသားထံမှ)။ အဲဒီကျောင်းက အခုလက်ရှိလဲ ရှိနေပါသေးတယ်။ သင့်တင့်သလောက်တော့လည်း အလုပ်လုပ်လို့ရပါတယ် ဒါပေမဲ့ မသွားခင်ကတည်းက ငွေရဖို့တစ်ခုတည်း ဦးတည်နေရင် အမှားများနိုင်တယ်ဆိုတာကို သိစေချင်လို့ ဖေါ်ပြရခြင်းဖြစ်တယ်။

နှင်းနှင်းယု
အမ်အမ်ဗစ် ကုမ္ပဏီ

*********************************
ခရိုင်ရဲက တရားမဝင်အချိန်ကြာရှည်စွာ အလုပ်စေခိုင်းမှုဖြင့် ကျောင်းတာဝန်ခံ(理事長rijichou) ၃ဦး၏အိမ်ကို ဝင်ရောက်စစ်ဆေး

နိုင်ငံခြားကျောင်းသားများကို ပြဌာန်းထားသော တပတ်၂၈နာရီထက် ပိုမိုအလုပ်လုပ်စေသည်ဟု သံသရရှိသဖြင့် Fukuoka ခရိုင်ရဲက ၂၀၁၆ ဇန်နဝါရီ၂၃ရက်တွင် Fukuoka ခရိုင် Naogata မြို့ရှိ ဂျပန်စာသင်ကျောင်း ”JAPAN INTERNATIONAL EDUCATION INSTITUTE「JAPAN国際教育学院」” ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေဖောက်ဖျက်မှုဖြင့် တာဝန်ရှိသူ ၃ဦး၏ နေအိမ်အား ဝင်ရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးရေးအရာရှိများက တာဝန်ရှိသူ ၃ဦးအား ဖမ်းဆီးရန် စီစဉ်နေကြောင်းလဲ ပြောကြားခဲ့သည်။ အလုပ်နေရာ တစ်ခုစီမှာ အလုပ်ချိန်ကို ပြဌာန်းထားသည် နာရီအတွင်း ဘောင်ဝင်အောင်ပြုလုပ်ပြီး နေရာအများအပြားတွင် အလုပ်စေခိုင်းခြင်းကို ထပ်တလဲလဲပြုလုပ်ခဲ့ကြောင်း ခရိုင်ရဲများက ဆက်လက်စုံစမ်းမှုများကို ပြုလုပ်မည်။
ကျောင်းတာဝန်ခံ ၃ဦးက ၄င်းကျောင်းတွင် တက်ရောက်နေသော ဗီယက်နမ်ကျောင်းသား/သူ ၄ဦးကို အလုပ်နေရာတစ်ခုထက်ပိုပြီး မိတ်ဆက်ခဲ့ပြီး တပတ်လျှင် ၂၈နာရီထက်ကျော်လွန်ပြီး အလုပ်စေခိုင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ ၄င်းကျောင်းသား၎ဦးကိုလည်း ပြဌါန်းချက် ဖောက်ဖျက်မှုဖြင့် ဖမ်းဆီးမည်းဖြစ်ကြောင်းသိရပါသည်။
နိုင်ငံခြားကျောင်းသား/သူများကို ကျောင်းပညာရေးတွင် အာရုံစိုက်နိုင်အောင် အလုပ်လုပ်ခြင်းကို တားမြစ်ထားသော်လည်း ကျောင်စရိတ်များရှာဖွေနိုင်ရန် ရည်ရွယ်ချက်ဖြင့် အချိန်ပိုင်းအလုပ်လုပ်ခြင်းကိုမှု ခြွင်းချက်အနေဖြင့် ခွင့်ပြုခဲ့သည်။ လဝက၏အဆိုအရ ခရိုင်အသီးသီးရှိ လဝကရုံးတွင် အလုပ်လုပ်ခွင့်ကို ခွင့်ပြုချက်ယူရပြီး sexual entertainment မှလွဲ၍ ကျန်အလုပ်များကို တပတ် ၂၈နာရီ လုပ်ကိုင်ခွင့်ရှိသည်ဟု ဆိုပါသည်။

ခရိုင်စစ်ဆေးရေးမှုးများက JAPAN INTERNATIONAL EDUCATION INSTITUTEတွင် တက်ရောက်နေသော ကျောင်းသားများလည်း ထို့နည်းတူစွာ လဝက၏ခွင့်ပြုချက်ကို ရယူပြီး ၄င်းနယ်မြေရှိ စားသောက်ကုန်ထုပ်လုပ်သော စက်ရုံတွင် အလုပ်လုပ်ခဲ့သည်။ အလုပ်နေရာတစ်ခုစီတွင် အလုပ်လုပ်ချိန် တပတ်၂၈နာရီအတွင်း လုပ်ကိုင်ခဲ့သော်လည်း အလားတူအလုပ်များကို တစ်ခုထက်ပိုပြီး လုပ်ကိုင်နေပြီး စုစုပေါင်းအလုပ်ချိန်မှာ သတ်မှတ်ထားသော နာရီကို ကျော်လွန်နေသည်ဟု ဆိုခဲ့သည်။

ကျောင်း၏အဆိုအရ ဘယ်သူက ဘယ်ကုမ္ပဏီတွင် အလုပ်လုပ်ပြီး လုပ်အားခမည်မျှရနေသည်ကို သိရှိနိုင်ရန် ပြုလုပ်ထားသည်ဟု ဆိုခဲ့သည်။ ထိုကြောင့် ခရိုင်ရဲများက ကျောင်းသားများ ပြဌါန်းချက်ကို ချိုးဖောက်၍ အလုပ်လုပ်နေသည်ကို ကျောင်းမှသိရှိပြီးဖြစ်ကြောင်းယူဆသည်ဟုဆိုသည်။
ကျောင်းမှ ကျောင်းသားများကို အလုပ်နေရာမိတ်ဆက်ပေးပြီး အချိန်ပိုင်းလုပ်အားခမှ ကျောင်းလခ တစ်လ ယန်း၅သောင်းကို ကောက်ခံနေခဲ့သည်။ ခရိုင်ရဲများက မိမိ၏ကျောင်း ဆက်လက်လည်ပတ်နိုင်ဖို့အတွက် ရည်ရွယ်ချက်ဖြင့် ၄င်းလုပ်နည်းကို လုပ်ခဲ့သည်ဟု ယူဆပြီး တာဝန်ခံများကို ဆက်လက်စစ်ဆေးသွားရန်ရှိသည်ဟုဆိုသည်။
၎င်းကျောင်းသည် ၂၀၁၀ ဧပြီတွင် ဖွင့်လှစ်ခဲ့ပြီး လက်ရှိ ဗီယက်နမ်နှင့် နီပေါကျောင်းသူ/သား ၂၀၀ခန့် တက်ရောက်နေသည်။ Home Pageတွင် ရေးသားထားချက်များအရ တစ်နှစ်ခွဲ မှ ၂နှစ်အထိ course ၃ခုရှိကြောင်း၊ ကျောင်းသား/သူများအား တက္ကသိုလ် ကောလိပ်များသို့ ဆက်လက်တက်ရောက်စေနိုင်ရန် သင်ကြားပေးနေကြောင်းသိရသည်။
နိုင်ငံခြားကျောင်းသားများ ပြဌာန်းချက်မညီသော အလုပ်လုပ်ခြင်းနှင့်ပက်သက်၍ မကြာသေးခင်က အိုဆာကာရဲက ၂၀၁၅ခုနှစ် ဒီဇင်ဘာတွင် duty free shop 「laox ラオックス」မှ သူဌေးများကို ဥပဒေဆန့်ကျင်ကြောင်း သံသရရှိမှုဖြင့် ဖမ်းဆီးခဲ့သော ဖြစ်ရပ်လည်းရှိခဲ့သည်။ ၁၉၉၀ခုနှစ်များတွင် စည်းမျဉ်းနှင့် မညီညွတ်သော ဂျပန်ဘာသာကျောင်းများကို ဖေါ်ထုပ်ဖမ်းဆီးခြင်းများလည်း ပြုလုပ်ခဲ့သည်။

ပြဌါန်းချက်ကိုမညီသော အလုပ်လုပ်ခြင်းနှင့် အချိန်ပိုင်း အလုပ်လုပ်ခွင့်
၎င်း၂ခုစလုံးကို လဝကဥပဒေအရ တားမြစ်ထားသည် (အချိန်ပိုင်းအလုပ်ကိုလည်း ခွင့်ပြုချက်ရယူရန်လိုအပ်)။ ဖောက်ဖျက်ပါက အလုပ်ခိုင်းစေသူ (အလုပ်ရှင်)နှင့် မိတ်ဆက်ပေးသူကို ထောင်ဒဏ် ၃နှစ် သို့မဟုတ် ဂျပန်ယန်းငွေ သိန်း၃၀ ဒဏ်ငွေ သို့မဟုတ် ၂ခုစလုံး ကျခံစေမည်။ နိုင်ငံခြားကျောင်းသားနှင့် မိသားစုနေထိုင်ခွင့်ရရှိထားသူများသည် လဝကတွင် ခွင့်ပြုချက်ရယူပြီး အချိန်ပိုင်းအလုပ် လုပ်ခွင့်ရှိသော်လည်း သတ်မှတ်အလုပ်ချိန်ကို ကျော်လွန်ပြီး အလုပ်လုပ်ခဲ့ပါက ထောင်ဒဏ် ၁နှစ်အောက် သို့မဟုတ် ဒဏ်ငွေ ဂျပန်ယန်းငွေ သိန်း ၂၀ သို့မဟုတ် ၂ခုစလုံးကျခံစေမည်။ (ဂျပန်သတင်းကို မူရင်းအတိုင်းဘာသာပြန်ထားသည်)

Mainichi သတင်းစာတိုက်မှ ဖေါ်ပြထားသော ဓါတ်ပုံ

Mainichi သတင်းစာတိုက်မှ ဖေါ်ပြထားသော ဓါတ်ပုံ


*****************************************
မူရင်းပိုစ့်

mainichi.jp/articles/20160123/k00/00e/040/263000c

Bookmark this on Yahoo Bookmark
LINEで送る