ဂျပန်နိုင်ငံသို့ သင်တန်းသားအဖြစ်လာရောက်ပြီး ထွက်ပြေးကာ တရားမဝင် အလုပ်လုပ်သူ မြန်မာနိုင်ငံသား၅ဦးအား ဂျပန်နိုင်ငံ တိုကျိုရဲဌါနချုပ်မှ ဖမ်းဆီးခဲ့။
ဖေဖော်ဝါရီ ၁၀ ရက် ၂၀၁၆ သတင်း။
သတင်းအပြည့်အစုံကို အောက်တွင်ဖေါ်ပြထားပါသည်။

Nikkei သတင်းစာမှ သတင်းကိုဘာသာပြန် ဖေါ်ပြသည်။
**********************
သင်တန်းသား (training)ဖြင့်လာရောက်၍ ထွက်ပြေးပြီး တရားမဝင် အလုပ်လုပ်သူများကိုဖမ်းဆီး

ဒုက္ခသည်(refugee)လျှောက်ထားစဉ် ဥပဒေအရ အလုပ်လုပ်ခွင့်မရရှိသော်လည်း အလုပ်လုပ်ခဲ့ခြင်းကြောင့် တိုကျိုရဲဌါနချုပ် နယ်မြေတည်ငြိမ်ရေးအဖွဲ့မှ ၁၀ရက်နေ့တွင် မြန်မာနိုင်ငံသား ကုမ္ပဏီဝန်ထမ်း Yon Nay Phyu (ヨン・ニェ・プュー) တရားခံ (၂၃နှစ်)= တိုကျိုမြို့ဘွန်ခရောခု ဆန်းဂုတ်ခု ၃(東京都文京区千石3) နေ အမျိုးသား/သမီး ၅ယောက်အား လဝကဥပဒေ ချိုးဖောက်ခြင်း သံသရရှိမှုဖြင့် ဖမ်းဆီးခဲ့သည်။

အဆိုပါဌါန၏အဆိုအရ Yonတရားခံနှင့်အတူ ၄ယောက်သည် နိုင်ငံခြားသား သင်တန်းသားအဖြစ် ၂၀၁၄ခုနှစ်တွင် ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့ကြောင်း။ အိရှီခါဝါ ခရိုင် (Ishikawa-ken) ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ခဲ့ပြီး လုပ်အားခနည်းခြင်းကို မကျေနပ်၍ မနှစ်က (၂၀၁၅) စက်တင်ဘာလတွင် တိုကျိုသို့လာရောက်၍ လဝကတွင် ဒုက္ခသည် (refugee) အဖြစ်လျှောက်ထားခဲ့ကြောင်း။

တရားခံများသည် မနှစ်က နိုဝင်ဘာမှ ယခုနှစ် ဖေဖော်ဝါရီအထိ လဝကမှခွင့်ပြုထားသော [tokutei katsudou] ဖြင့် စအိတမ ခရိုင် (Saitama-ken) ရှိ စားသောကုန်ထုပ်လုပ်သော ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်ခဲ့ခြင်း သံသရရှိခဲ့။
Yonတရားခံတို့ကို စားသောက်ကုန်ထုပ်စက်ရုံနှင့် အဝတ်လျှော်ဆိုင်တို့တွင် အလုပ်လုပ်ရန် အလုပ်မိတ်ဆက်ပေးခဲ့သော မြန်မာနိုင်ငံသား အမျိုးသားကိုလည်း ၄င်းရဲဌါနမှ အထက်ပါဥပဒေ ချိုးဖောက်မှု သံသရရှိသည်ဟု ယူဆပြီး အရေးယူမှုပြုလုပ်ရန် စုံစမ်းစစ်ဆေးနေသည်။
**************************
tokutei katsudou(特定活動) အချိန်ပိုင်းအလုပ်အပါအဝင် မည်သည့်အလုပ်ကိုမှ လုပ်ခွင့်မရှိသော နေထိုင်ခွင့်

မူရင်းဂျပန်သတင်းကို အောက်ပါလင့်တွင် ဖတ်နိုင်သည်။
www.nikkei.com/article/DGXLASDG10H4J_Q6A210C1CC0000/

Bookmark this on Yahoo Bookmark
LINEで送る