အမ်အမ်ဗစ် ဂျပန်နိုင်ငံပညာရေး ဝန်ဆောင်မှု ကုမ္ပဏီ

အချိန်ပိုင်းအလုပ်အကိုင်

  • HOME »
  • အချိန်ပိုင်းအလုပ်အကိုင်

အချိန်ပိုင်းအလုပ်အကိုင်များ

ဂျပန်နိုင်ငံတွင် အချိန်ပိုင်းအလုပ်အကိုင် ရရှိရန် အမ်အမ်ဗစ် ကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ ကျောင်းတို့က တာဝန်ယူ၍ ရှာဖွေပေးပါသည်။
ကျောင်းသား/သူများ လုပ်ကိုင်နိုင်သော အချိန်ပိုင်းအလုပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  1. Super Market
  2. ၂၄နာရီ စတိုးဆိုင်
  3. စက်ရုံ
  4. အလုပ်ရုံ
  5. ဂိုထောင် (ပစ္စည်းရွေ့/သယ်)
  6. စားသောက်ဆိုင်

စသည့်နေရာများတွင် အလုပ်လုပ်နိုင်ပါသည်။ ပုံမှန်အားဖြင့် night club, Bar, Sexual entertainment တွေကလွဲရင် ကျန်တဲ့အလုပ်အကုန်လုပ်လို့ ရပါတယ်။ မိမိရဲ့ ဂျပန်စာ အရည်အချင်းပေါ်မှာဘဲ မူတည်ပါတယ်။

လုပ်အားခများ

များသောအားဖြင့် အနိပ်ဆုံးလစာမှာ တစ်နာရီကို ယန်း ၈၅၀ ဖြစ်ပြီး အမြင့်ဆုံးလစာမှာ တစ်နာရီကို ယန်း ၁၂၀၀ ဖြစ်ပါတယ်။

ကျောင်းသားတစ်ယောက်သည် တစ်ပတ်ကို ၂၈ နာရီ အလုပ်လုပ်ခွင့်ရှိပါသည်။
တစ်ပတ်ကို ၂၈နာရီခန့် အလုပ်လုပ်သော ကျောင်းသားတစ်ယောက်သည် တလလျှင် မြန်မာငွေ ၁၂သိန်းခန့် ရှာဖွေနိုင်ပါသည်။
၎င်းငွေသည် နောက်နှစ်ကျောင်းလခနှင့် နေထိုင်စရိတ်လုံလောက်ရုံသာ ရှိပါသည်။
မြန်မာပြည်မှ မိမိအိမ်သို့ ပြန်လည်ငွေပို့ခြင်းများ ပြုလုပ်နိုင်မည်မဟုတ်သည်ကို ကြိုတင်အသိပေးပါသည်။

Jp income28hr

Bookmark this on Yahoo Bookmark
LINEで送る

စုံစမ်းနိုင်ပါသည် TEL 09961104477 9:00-5:00
ပိတ်ရက် ⇒ SAT,SUN & Public Holiday

PAGETOP