ဂျပန်နိုင်ငံတွင် ကျောင်းတက်ရန် အရှေ့တောင်အာရှ အပါအဝင် ဖွံဖြိုးတိုးတက်နေသော တရုတ်၊ တိုင်ဝမ်နှင့် ကိုရီးယားနိုင်ငံများရှိ ကျောင်းသား/သူများပါ စိတ်ပါဝင်စားကြသည်။
အဘယ်ကြောင့်ဆိုသော် ဂျပန်နိုင်ငံသည် နေထိုင်မှုအဆင့်အတန်းမြင့်မားရုံသာမက ဂျပန်လူမျိုးအများစုသည်လည်း ယဉ်ကျေးပျူငှါကြသည်။ အခြားအကြောင်းရင်းများလည်း ရှိနိုင်သောလည်း အဓိကမှာ ကျောင်းတက်ရင်း လုပ်ကိုင်နိုင်သော အချိန်ပိုင်းအလုပ်ပေါများခြင်းဖြစ်သည်ဟု ယူဆရပါသည်။

အချိန်ပိုင်းအလုပ်လုပ်ခြင်းဖြင့် မိမိ၏နေထိုင်စရိတ်နှင့် ကျောင်းလခများကို အိမ်မှမတောင်းရဘဲ ပညာသင်ကြားနိုင်ပါတယ်။
ဟိုးအရင်ကဆိုလျှင် အချိန်ပိုင်းအလုပ်ဖြင့်ရရှိသော ဝင်ငွေကို ကျောင်းလခနှင့် နေထိုင်စရိတ်ကာမိရုံမျှမက မိမိ၏အိမ်သို့ ပြန်လည်ပေးပို့နိုင်ခဲ့ပါတယ်။
တစ်လ သိန်း ၂၀မှ ၂၅သိန်း(ကျပ်) အထိရအောင် အလုပ်လုပ်ရင်တော့ အိမ်ကိုပြန်ပေးနိုင်တာပေါ့နော်။
ဒါကြောင့် ဂျပန်နိုင်ငံမှာ ပညာသင်ကြားလိုသူက များပြားရခြင်းဖြစ်ပါတယ်။

ဒါပေမဲ့ ဂျပန်အစိုးရရဲ့ အသစ်ကျင့်သုံးတော့မဲ့ my number ဆိုတဲ့စနစ်က မကြာခင်စတင်တော့မယ်လို့သိရပါတယ်။
my number စတင်ရင် အရင်လို အလုပ်လုပ်ခွင့်မရှိတော့ပါဘူး။
ဘာကြောင့်လဲ။

ဟိုးအရင်ကတည်းက ဂျပန်နိုင်ငံမှာ ကျောင်းသားတစ်ယောက်ဟာ တစ်ပတ်ကို ၂၈နာရီဘဲအလုပ်လုပ်ရမယ်လို့ ပြဌန်းချက်ရှိပါတယ်။
အခုလည်းရှိပါတယ်။ ဒါပေမဲ့ ကျောင်းသားတော်တော်များများဟာ တစ်ပတ်ကို ၂၈နာရီထက်ပိုလုပ်ပြီး တစ်လကို သိန်း ၂၀-၂၅(ကျပ်)ဝန်းကျင် ဝင်ငွေရအောင် ရှာကြပါတယ်။ ဒါပေမဲ့ အဲဒီလိုအလုပ်ပိုလုပ်တာကို အရင်စနစ်ဟောင်းနဲ့ဆို ဂျပန် လဝက ကမသိနိုင်ပါဘူး။ စနစ်သစ် my numberနဲ့ဆိုရင်တော့ ဂျပန် လဝက ကဒါကိုသိနိုင်ပါပြီ။
ကျောင်းသားတစ်ယောက်ဟာ ပြဌန်းထားသော တစ်ပါတ် ၂၈နာရီထက် အလုပ်ပိုလုပ်တာကို လဝက သိရင်။ ဗီဇာသက်တန်းတိုးတဲ့အခါမှာ ပြသာနာတက်တော့တာပေါ့။ ဥပမာ သင်ဟာ စာလည်းလိုက်နိုင်တယ် ကျောင်းလဲမပျက်ဘူး ဒါပေမဲ့ အလုပ်တွေအများကြီး လုပ်ထာတဲ့အတွက် ဗီဇာသက်တန်း ထက်တိုးလို့မရဘဲ မြန်မာပြည်ကို ပြန်လာရတာမျိုးလည်းဖြစ်လာနိုင်ပါတယ်။

ကဲဒါဆို တစ်ပါတ် ၂၈နာရီဘဲ အလုပ်လုပ်တဲ့အခါ ဝင်ငွေဘယ်လောက်ရပြီး ကုန်ကျစရိတ်ကကော ဘယ်လောက်ရှိမှာလဲ။
ဒါတွေကို အောက်က ဓါတ်ပုံမှာ တွက်ပြထားပါတယ်။ အဓိကနားလည်စေချင်တာကတော့ ကျောင်းစရိတ်နဲ့ နေထိုင်စရိတ်ကတော့ လောက်နိုင်ချေရှိပါတယ်။ ဒါပေမဲ့ အိမ်ကိုတော့ ပြန်ပို့နိုင်မှာ မဟုတ်ပါဘူး။

အားလုံးဟာ ခန့်မှန်းခြေဖြစ်လို့ ဒီအတိုင်း တထပ်တည်းဖြစ်မယ်လို့ မဆိုလိုပါဘူး။
တစ်ပါတ် ၂၈နာရီထက် ပိုအလုပ်လုပ်တဲ့အခါမှာ ဖြစ်လာနိုင်တဲ့ ပြသာနာများဟာလည်း ခန့်မှန်းပြောပြခြင်းသာဖြစ်ပါတယ်။
အခုမှစမဲ့ စနစ်သစ်ဖြစ်တဲ့အတွက်ကြောင့် မည်သို့ဖြစ်လာမည်ကိုတော့ တိတိကျကျ မသိပါ။

ဖတ်ရှူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Jp income28hr

Bookmark this on Yahoo Bookmark
LINEで送る