2015年10月より日本で留学された学生さんの私生活、体験と将来目標の話を聞かせてもらいました。

အောက်တိုဘာ ၂၀၁၅ မှစ၍ MICကျောင်း၏ ဂျပန်စာဌါနတွင် ပညာသင်ကြားနေသော မောင်ဇင်မင်းအောင် (ညာဘက်မှ ၃ယောက်မြောက်)

အောက်တိုဘာ ၂၀၁၅ မှစ၍ MICကျောင်း၏ ဂျပန်စာဌါနတွင် ပညာသင်ကြားနေသော မောင်ဇင်မင်းအောင် (ညာဘက်မှ ၃ယောက်မြောက်)

MIC ကျောင်း၏ အောက်တိုဘာ ၂၀၁၅ ကျောင်းသားသစ် ကြိုဆိုပွဲ

MIC ကျောင်း၏ အောက်တိုဘာ ၂၀၁၅ ကျောင်းသားသစ် ကြိုဆိုပွဲ

ကျောင်းတွင်း အားကစားပွဲပြီးနောက်

ကျောင်းတွင်း အားကစားပွဲပြီးနောက်

ကျောင်းသား/သူများဆင်နွှဲသော ကျောင်းတွင်းပွဲတော်တစ်ခု

ကျောင်းသား/သူများဆင်နွှဲသော ကျောင်းတွင်းပွဲတော်တစ်ခု


မင်္ဂလာပါ
အမ်အမ်ဗစ် ကုမ္ပဏီ၏ ဝန်ဆောင်မှုဖြင့် ဂျပန်နိုင်ငံတွင် လက်ရှိပညာသင်ကြားနေသော ကျောင်းသားများ၏ အတွေ့အကြုံများကို ပြန်လည်မျှဝေလိုက်ပါတယ်။
*************************************
ကျွန်တော်က ဇင်မင်းအောင်ပါ။ အမ်အမ်ဗစ်ကုမ္ပဏီဖြင့် ချိတ်ဆက်ပြီး October 2015 မှာဂျပန်နိုင်ငံ ချီဘမြို့ကိုရောက်ခဲ့ပါတယ်။ ယခု ဂျပန်နိုင်ငံ ချီဘမြို့ MIC ကျောင်းတွင် ဂျပန်စာသင်ယူနေပါတယ်။ MICကျောင်းက စာအသင်အပြတော်တော်ကောင်းပါတယ်။ ကျွန်တော်တို့ဒီမှာ ဂျပန်စာအရည်အချင်းပြန်စစ်ပြီး အတန်းခွဲပေးပါတယ်။ ကျွန်တော်က မြန်မာပြည်မှာ N5 အောင်ပြီးပါပြီ။ MIC ကျောင်းမှာတက်နေစဉ် N2 အထိ ကျွန်တော်ဖြေနိုင်အောင် ကြိုးစားမှာပါ။

ကျွန်တော်အချိန်ပိုင်းအလုပ်ကိုလည်း လုပ်နေပါပြီ။ အခုတစ်ပတ်ကို ၄ရက်ခန့်လုပ်နေပါတယ်။ ချီဘမြို့မှာ စက်ရုံတွေနဲ့ စားသောက်ဆိုင် super market စတာတွေမှာ အလုပ်ဝင်နိုင်ပါတယ်။ လစာကတော့ တစ်နာရီကို ယန်း ၉၀၀မှ ၁၂၀၀ခန့်ရပါတယ်။ ဂျပန်စကားပြောတတ်တဲ့သူကတော့ အလုပ်ရမြန်ပြီး သက်တောင့်သက်သာရှိတဲ့အလုပ်လည်းရပါတယ်။ ဒါကြောင့် ကိုယ့်သူငယ်ချင်းတွေလည်း ဂျပန်နိုင်ငံမှာ ကျောင်းတက်မယ်စိတ်ကူးရင် ဂျပန်စာကို ကြိုးစားထားဖို့ ဆန္ဒပြုပါတယ်။

ကျွန်တော်ရဲ့အနာဂတ်ရည်မှန်းချက်ကတော့် MIC ဂျပန်ဘာသာကျောင်းမှာ သင်ကြားပြီးဆုံးတဲ့အခါ ကားစက်ပစ္စည်းနဲ့ပက်သက်တဲ့ပညာရပ် Automobile mechanic ပညာကို ကောလိပ်မှာ ဆက်လက်သင်ကြားမှာပါ။ အဲဒီနောက် ဂျပန်နိုင်ငံက ကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဂျပန်နိုင်ငံက အတွေ့အကြုံတွေယူပြီးမှ ကျွန်တော့နိုင်ငံကိုပြန်ပြီး ကိုယ်ပိုင်လုပ်ငန်းလေးထူထောင်လိုပါတယ်။
**************************************
အမ်အမ်ဗစ် ကုမ္ပဏီ ဂျပန်နိုင်ငံပညာရေးဝန်ဆောင်မှု
အမှတ် ၂၀ (အေ-၃) လှည်းတန်း ၆လမ်း ကမာရွတ် ရန်ကုန်
0933377570, 09961104477
10:00-17:00 (close Mon, Tue & Public holiday)
mm-biz.com/myanmar/

Bookmark this on Yahoo Bookmark
LINEで送る